Wednesday, October 1, 2008
မြန်မာ ဘလော့ဂ်လေး တခုကို အမြန်ဆုံး ပြုလုပ်နည်းကို ကျွန်တော်ရေးချင်နေတာ။ မအားတာနဲ့ မရေးဖြစ်သေးတာ။ အခုတလောတော့ အားသလိုလိုဖြစ်လာလို့ ရေးချင်တာကို ရေးတော့မယ်နော်။
(၁) blogger.com ကို ဝင်ပါ။ စာဖတ်သူရဲ့ Google Account နဲ့ ဝင်ပါ။
(၂) Display Name မှာ သင်ပေါ်စေချင်တဲ့ နာမည်ကို ဖြည့်ပါ။ မြန်မာလို ဖြည့်လဲရပါတယ်။ I accept the Term of Service ကို အမှန်ခြစ်ပါ။ Continue ကို နှိပ်ပါ။
(၃) Blog Title တွင် စာဖတ်သူ ကြိုက်နှစ်သက်တဲ့ ဘလော့ဂ်အမည်ပေးလို့ ရပါတယ်။ မြန်မာလိုလဲ ပေးလို့ရပါတယ်။ Blog Address ကို လဲ ကိုယ်နှစ်သက်တဲ့ အမည်ပေးလို့ရပါတယ်။ ပေးပြီးရင် Check Availability ဆိုတာလေးကို နှိပ်ပေးလိုက်ပါဦး။ အကယ်၍ သူများယူပြီးသားလိပ်စာ မဟုတ်ခဲ့ရင် “This blog address is available” လို့ ပေါ်လာပါလိမ့်မယ်။ Continue ကို နှိပ်ပါ။
(၄) Continue ကို ထပ်နှိပ်ပေးပါဦး။
(၅) START BLOGGING ကိုနှိပ်ပါ။
(၆) Layout tab ကို နှိပ်ပါ။
(၇) Edit Html ကို နှိပ်ပါ။
(၈) ဒီဖိုင်ကို ဒေါင်းလုတ်ပါ။ ပြီးရင် ဖွင့်လိုက်ပါ။
(၉) အဲ့ဒီ့ထဲမှာပါသမျှ ကုဒ်ဒင်းတွေအားလုံးကို Select မှတ် Copy ကူးပါ။ ပြီးရင် Edit Template text box ထဲမှာ ရှိသမျှသော စာတွေအားလုံးကို ဖျက်လိုက်ပါ။ ပြီးရင် ခုဏက Copy ကူးထားတာကို အဲ့ဒီ့ထဲကို Paste လိုက်ပါ။
(၁၀) Save Template ကိုနှိပ်ပါ။
(၁၁) ဒါမျိုး Message လေးပေါ်လာရင် CONFIRM & SAVE ကို နှိပ်ပေးပါ။
(၁၄) Setting tab ကို နှိပ်ပါ။
(၁၅) Formatting ကိုနှိပ်ပါ။
(၁၆) ဟိုးအောက်ဆုံးက Post Template မှာ ဒီအောက်မှာရေးပြထားတဲ့ စာကြောင်းလေးကို Copy Paste လိုက်ပါဦး။
ဒီစာကို Select ပေးပြီးရေးပါ…
ပြီးရင် SAVE SETTINGS ကို နှိပ်ပါ။
ကဲ… ဒါဆိုရင်တော့ ဇော်ဂျီဖောင့်နဲ့ ရေးဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့ မြန်မာ ဘလော့ဂ် တခု ရရှိသွားပါပြီ။
နောက်တဆင့်အနေနဲ့ ပို့စ်တခုလောက် အစမ်းတင်ကြည့်ရအောင်လား။
(၁) Posting tab ကို ဝင်ပါ။
(၂) Title မှာ ရေးမဲ့ ပို့စ်ရဲ့ ခေါင်းစီးရိုက်ပါ။
(၃) ( ဒီစာကို Select ပေးပြီးရေးပေးပါ… ) ဆိုတဲ့ စာသားကို Select လုပ်ပါ။ ပြီးရင် ကိုယ်ရေးချင်တဲ့ စာသားကို စရေးလို့ရပါပြီ။
(၄) ရေးပြီးရင် PUBLISH POST ကိုနှိပ်ပါ။
ဒါဆိုရင်တော့ ပို့စ်တင်လို့ရသွားပါပြီ။
အဆင်ပြေပါစေ။
Labels: ကွန်ပျူတာဆိုင်ရာ




